သြော်....ဒီအဖြစ်အပျက်ကြီး ကတစ်နှစ်ရှိခဲ့ပြီတဲ့လား။

သေဆုံးသွားတဲ့ သူတွေ.....အိုးအိမ်ပျောက်ဆုံး ပျက်ဆီးသွားတဲ့သူတွေ

ဆွေမျိုး ချစ်သူတွေ၊ မိဘ မဲ့ဖြစ်သွားတဲ့ ကလေးတွေ ၊သားသမီးမဲ့ ဖြစ်သွားတဲ့ မိဘတွေ

အရာအားလုံးပျောက်ဆုံးကုန်သူတွေ ၊ မနက်ဖြန်ဆိုတာတွေကို ဆွေမဲ့ မျိုးမဲ့ ဖြတ်သန်း ကြတော့မယ့်သူတွေ

အရာအားလုံး..............အရာအားလုံး..............အရာအားလုံး

ပျက်ဆီးစေခဲ့တဲ့ နာဂစ် ဆိုတဲ့ စေတန် ဆီကလက်ဆောင် စေတန် ရဲ့ အမုန်း တွေ ကို နောက်တစ်ကြိမ်

ဘယ်တော့မှ၊ မြန်မာနိုင်ငံအပြင် တခြားတခြားသော နိုင်ငံတွေရော မခံစားကြရပါစေနဲ့

နာဂစ်မုန်တိုင်းအောက် မှာ သေဆုံးသွားကြသော လူငယ်၊လူကြီး၊ အဘိုး အဘွား အားလုံး

ကောင်းရာမွန်ရာရောက်

ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(ကရင်)
Posted by ကရင်

0 comments: