Tuesday, October 7, 2008

မီးနူး(၁)

အပိုင်း(၁)

မီးနူး၏ သားဦးသည် မွေးပြီးမကြာခင် သေဆုံးသွားသည်။ ဒုတိယ ကလေးလည်း

တစ်နှစ်လောက်သာ လူ့ဘ၀တွင် နေရသည်။

မီးနူးသည် ပျိုမြစ်နုနယ် အရွယ်ငယ်တုံးပင် ရှိသေးသည်။မမှည့်သေးသော

သစ်သီးသည် ညှာတံတွင် ကပ်နေသကဲ့သို့ပင် မီးနူး၏စိတ်နှလုံးသည် ပထ၀ီမြေကြီး

နှင့်ခွာမရပေ။ မီးနူးသည် ကမ္ဘာလောက၏အစိမ်းရောင် အရာဝထ္ထုများကို ချစ်သည်။

မီးနူး၏ အိမ်ထောင်ဖက်တွင် ခြံဥယာဉ်လေး တစ်ခုရှိသည်။ မီးနူး သည်ထို

ခြံဥယာဉ်လေးကို မိခင်က ကလေးကို ပြုစုစောင့်ရှောက်သကဲ့သို့ ပင်ပြုစုစောင့်ရှောက်

နေသည်။ သို့ရာတွင်နွယ်ပင်လေးများ အပွင့်ပွင့်မည် လုပ်တုန်း ကာလကတ္တား မှခေါ်

သည့်စာ ရောက်လာသည်။

မီးနူးသည် အိမ်နီးနားချင်းအိမ်က ခွေးများကိုလည်းချစ်သည်။ ထိုခွေးများထဲ

က အချစ်ဆုံးမှာ “ဘွ န္တာ” ခေါ်နှာခေါင်းပြားပြား နှင့် ခွေးကလေးဖြစ်သည်။ထိုခွေးကလေး

အတွက် ပုတီးစေ့လည်ပတ်တစ်ခု လုပ်ပေးသည်။ သို့ရာတွင် ပုတီးစေ့လည်ပတ် မပြီးတပြီး

မှာပင် မီးနူး၏ ယောင်္ကျားသည် ကာလကတ္တားရှိ သူတို့၏အိမ်သို့ ပြောင်းရွှေ့ရန် မီးနူးကို

လာခေါ်သည်။

ခွေးပိုင်ရှင်က ခွေးလေးကိုမွေးရန်မီးနူးကို ပေးသည်။ သို့ရာတွင် မီးနူး၏ ယောင်္ကျားက

“ဒုက္ခမရှာချင်စမ်းပါနဲ့”

ဟုပြောပြီး မီးနူး၏ ဆန္ဒ ကိုဆန့်ကျင်ကန့်ကွက်သည်။

တစ်ည မီးနူးသည် သူ၏ အိမ်သစ်တွင် အိပ်မပျော်ဖြစ်နေသည်။ အိပ်ရာပေါ်တွင် တလှုပ်

လှုပ် တရွရွဖြစ်နေစဉ် အရုဏ်ရောင်သည် အိမ်ခန်းထဲဝင်လာသည်။ မီးနူး သည်တစောင်းထလျှက်

အပြင်ဘက် လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ဝအထိမြင့်သော စကားဝါပင်ကြီးတွင် စကားဝါပွင့်

တွေ ပွင့်နေသည်ကို တွေ့မြင်ရသည်။ ပန်းရနံ့သည် မီးနူး၏နှာခေါင်ဝသို့ရောက်လာပြီးလျှင်……

“မီးနူးနေကောင်းရဲ့လား”

ဟုနှုတ်ဆက်နေသကဲ့သို့ ထင်ရသည်။

မီးနူးတို့၏ အိမ်နှင့် ဘေးအိမ်နံရံကြားထဲတွင် ညပ်ပြီးပေါက်နေသော စကားဝါပင်သည်

နေရောင်ကို မျှော်လင့်တောင့်တ နေသည်။ သဘာဝမိခင်၏ဆွံ့အနေသော ကလေးငယ်သည် မိမိ

အပိုင်မဟုတ်သောနေရာတွင်မိမိကိုယ်ကို ရှာနေသည်။

မီးနူးသည် နေမြင့်မှ အိပ်ရာထတတ်သည်။ နေတော်မြင့်မှ အိပ်ရာကထပြီး စကားဝါပင်ကို

ကြည့်လိုက်သောအခါ စကားဝါပင်ပေါ်တွင် စကားဝါ ပွင့်တစ်ပွင့်မှ မှရှိတော့ပေ။

“ဘယ်လိုဖြစ်ကုန်ကြတာလဲ”

သူ့ကိုယ်သူမေးကြည့်နေသည်။ မီးနူးသည်အိမ်ဖော်အား စကားဝါပင်ကို

ဂရုစိုက်ပြီး ရေလောင်းပေးဖို့ပြောလိုက်သည်။ သို့ရာတွင်စကားဝါ ပင်ပေါ်တွင်စကား

ဝါပန်းများကို နောက်တစ်ကြိမ် မမြင်ရတော့ပေ။ နေ့ရက်တော်ကြာသွားသောအခါ

နံနက်ပိုင်းတိုင်း စကားဝါပန်းတွေ မည်သို့မည်ပုံ ပျောက်သွားသည်ကို မီးနူးသိရှိသွား

သည်။

No comments:

Post a Comment