Sunday, May 31, 2009
Tuesday, May 5, 2009
Sunday, May 3, 2009
နာဂစ်တစ်နှစ်ပြည့်ဆုတောင်း
သြော်....ဒီအဖြစ်အပျက်ကြီး ကတစ်နှစ်ရှိခဲ့ပြီတဲ့လား။
သေဆုံးသွားတဲ့ သူတွေ.....အိုးအိမ်ပျောက်ဆုံး ပျက်ဆီးသွားတဲ့သူတွေ
ဆွေမျိုး ချစ်သူတွေ၊ မိဘ မဲ့ဖြစ်သွားတဲ့ ကလေးတွေ ၊သားသမီးမဲ့ ဖြစ်သွားတဲ့ မိဘတွေ
အရာအားလုံးပျောက်ဆုံးကုန်သူတွေ ၊ မနက်ဖြန်ဆိုတာတွေကို ဆွေမဲ့ မျိုးမဲ့ ဖြတ်သန်း ကြတော့မယ့်သူတွေ
အရာအားလုံး..............အရာအားလုံး..............အရာအားလုံး
ပျက်ဆီးစေခဲ့တဲ့ နာဂစ် ဆိုတဲ့ စေတန် ဆီကလက်ဆောင် စေတန် ရဲ့ အမုန်း တွေ ကို နောက်တစ်ကြိမ်
ဘယ်တော့မှ၊ မြန်မာနိုင်ငံအပြင် တခြားတခြားသော နိုင်ငံတွေရော မခံစားကြရပါစေနဲ့
နာဂစ်မုန်တိုင်းအောက် မှာ သေဆုံးသွားကြသော လူငယ်၊လူကြီး၊ အဘိုး အဘွား အားလုံး
ကောင်းရာမွန်ရာရောက်
ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(ကရင်)
Saturday, May 2, 2009
ယခုဖြစ်ပေါ်နေသော တုပ်ကွေးရောဂါအတွက် ကာကွယ်ရေးနည်းလမ်းများ

ဖော်ပြပါ mask များအသုံးပြု ပြီး ဝက်တုပ်ကွေးပိုးကို အသက်ရှုလမ်းကြောင်းထဲ မဝင်အောင် ဟန့် တားနိုင်ပါတယ်။
အဓိက ကြိုတင်ကာကွယ်ရေးများ...
၁ ။ လူစုလူဝေး ရှိတဲ့ နေရာ . လေဝင်လေထွက် မကောင်းတဲ့ နေရာ ..ဥပမာ .ဆေးရုံ . ရုပ်ရှင်ရုံ ..
ပိတ်လှောင်မွန်းကြပ်သောနေရာများ ၊ သို့  မလိုအပ်ဘဲ သွားရောက်ခြင်းတို့မှ အတတ်နိုင်ဆုံး ရှောင်ရပါမယ် ။ တကယ်လို့  မသွားမဖြစ် ရှောင်လွှဲမရ ခဲ့ ရင်လည်း နှာခေါင်း။ပါးစပ်တို့ ကို ပိုးမွှားအလွယ်တကူ ဝင်ရောက်နိုင်ခြင်းမရှိအောင် mask များတပ်ဆင်ကြပါ ။ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ ပြင်ပအရာဝတ္ထုတွေမှာ ၂နာရီမှ ၄ နာရီ အထိသာ အသက်ရှင်သန်နေနိုင်တာပါ။ ပြီးတော့ ပူအိုက်ခြောက်သွေ့ တဲ့ နေရာမျိုးမှာ ကြာရှည် မရှင်သန်နိုင်ပါဘူး။
ဒါကြောင့်  မြန်မာပြည်မှ လူအများ အတွက် ဘုရားက စောင့်ရှောက်ထားပြီးဖြစ်ပါတယ်။ စိတ်မပူကြပါရန်။
ပြီးတော့ ပိုးဟာ ရောဂါရှိသူ နှာစေး နှာချေ ချောင်းဆိုးလိုက်လို့  သူ့ တံတွေးအမှုံအစက် များပြန့် ပွားတဲ့  ၆ ပေ ပတ်ဝန်းကျင်မှာ ဒီပိုးတွေ ပြန့် နှံ့ တတ်ပါတယ် ။ဒီတော့ နှာစေး ချောင်းဆိုးသူနဲ့ ဝေးလေကောင်းလေပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ရိုးရိုး mask ထက်ပိုပြီးလုံခြုံတဲ့  N95 mask များတပ်ဆင်သင့်ပါတယ်။
၂။အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ပိုစိတိချရအောင် အရက်ပျံနဲ့ ပွတ်တိုက်ဆေးကြောသင့်ပါတယ် ။အရက်ပျံထဲမှာ ဒီပိုးတွေ မရှင်သန်နေနိုင်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ ထိတွေ့  အသုံးပြုနေကြ အရာများ ဥပမာ ..တယ်လီဖုန်း စကားပြောခွက် ။ ကွန်ပြူတာ ကီးဘုတ်။ ကျောင်းပတ်ဝန်းကျင်မှာဆိုရင် စားပွဲ ကုလားထိုင်မှ အစပေါ့ ။သန့် ရှင်းရေးလုပ်ပေးရပါမယ်။
၃။ မိမိကိုယ်ခံအင်အားကောင်းမွန်နေရင် ဒီပိုးတွေ လာမနှောက်ယှက်နိုင်ပါဘူး ။ အိပ်ရေးဝအောင်အိပ် ။ သန့် ရှင်းလတ်ဆပ်တဲ့အစာ အဟာရ ကို မှီဝဲရင် ဘာမှကြောက်စရာမလိုပါ။
၎။ဝက်သားကြိုက်သူများလဲ စားနေကြအတိုင်း ဆက်လက်စားသုံးနိုင်ပါတယ် ။ကျက်အောင်ချက်ဖို့ သာ လိုပါတယ်။ဒီအသားထဲကနေ ပိုးတွေကူးစက်ကြတာမဟုတ်ပါဘူး။ သားစိမ်းငါးစိမ်းစားရင် တခြားဝမ်းပျက်တာတွေဖြစ်ပြီး တခြားမဆိုင်တဲ့ ရောဂါတွေ ဝင်လာမှာ စိုးရတာပါ။
မှတ်ချက် ။ ။ http://kiki-idiotlove.blogspot.com/ မှတဆင့် ထပ်မံဖော်ပြပါသည်။ (ကရင်)
Monday, April 27, 2009
ဟိုတုန်းက နဲ့ အခု
ဒီနေ့
ရုံးသွားရင်းစဉ်းစားမိတယ် ။ သြော် .... ငါဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံ ၀တ်လို့ကောင်းတယ် သက်တောင့်သက် သာရှိတယ်၊ နေလို့ထိုင်လို့ကောင်းတယ် ။စမတ်ကျစေတယ်။ ဒါပေမယ့် ငါငယ်ငယ် က မေမေ ကိုယ်တိုင် ၀တ်ပေးခဲ့ တဲ့ ကျောင်းစိမ်းအကျီ လောက် မေတ္တာတန်ဖိုးမှီမယ်မထင်ဘူး ။
ရုံးမှာ အလုပ်အတွက်လိုတဲ့ ပိုက်ဆံ ထုတ်ပေးရတယ် ပိုက်ဆံအရေအတွက် အများကြီး ကိုင် နေရတယ် ၊ရလာမယ့်အမြတ်တွေ ကလည်း အများကြီး ။ ဒါပေမယ့် ငါငယ်ငယ် (၁၀) တန်းတုန်းက ပါးပါးပေးတဲ့ မုန့်ဖိုး ၅၀ လောက် ကို တပ်မက်မှု မှရှိတာအမှန်ပဲ ။
နေ့လည်ထမင်းစားတော့ ရုံးက လူကြီးတွေအတွက် ဆိုပြီး ပုဇွန်ကော်ပြန့်တွေ လာပေးတာတွေ အများကြီး ကိုယ့် စားပွဲပေါ်မှာ စားကြည့်တယ် တော် တော်ကောင်းတယ် ။ဒါပေမယ့် ငယ်ငယ်က၊ ပါးပါးရုံးက ညဘက် ဂျူတီ ပြီးတိုင်း ၀ယ်လာတဲ့ ဆမူစာ လေးတွေ ကို စားရတာ ကို သတိရမိတယ်။ အိမ်ရောက် ရင်ပျော့ နေပြီဖြစ်တဲ့ ဆမူစာလေး တွေပေါ့ ။
ညနေရုံးကပြန်ရောက်တော့ အ၀တ် အစားလဲ ကွန်ပြူတာရှေ့ ထိုင်မိတော့ အ၀တ်လျှော် ဖို့ မေ့နေပါလား ဆိုပြီး အ၀တ်တွေသွား လျှော်တော့ ကျောင်းတက်ဖို့အိကျီ ကို အကြီးမ လျှော်တာ မဖြူလို့ ဆိုပြီး မေမေ ကိုယ်တိုင် သူ့ရဲ့ လက်လေးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ လျှော်ပေးခဲ့ တဲ့ မြင်ကွင်းကို မြင်ရောင်မိတယ်။ သြော် တော်တော် မိုက်ခဲ့တဲ့ ကောင်ပဲ လို့ ကိုယ့် ကိုယ်ကို ရေရွတ်မိတယ်။
ညစာ ထမင်စားတော့ ရယ်ဒီမိတ်တွေ ကို မိုက်ခရိုဝေ့ဖ် ထဲထည့် အကုန် နွှေးပြီး ထမင်းစားတော့ မေမေ ကိုယ်တိုင်နယ်မပေးရင် မစားတတ်သော အမေချက်တဲ့ ဟင်းကလွဲ ရင် ဘယ်တုန်းကမှ အကောင်းမထင်တတ် တဲ့ ငယ်ဘ၀ကို ပြန် အောက်မေ့မိတယ် ။
ညအိပ်ရာဝင်တော့ ပါးပါး +မေမေ နှစ်ယောက် ကျွန်တော့် အတွက် ပြောတဲ့ စကားလေးတွေပြန်သတိရမိတယ် .........
"အပါးရယ် သားကို သိပ် မဆူပါနဲ့ ဒီသားလေးနဲ့ ဒီသမီးလေးပဲရှိတာ သားလေးကို အလိုလိုက် ပါနော်။"
"ဟ .. အမေကြီးကလဲ သားသမီး ဆိုတာ အိပ်နေတုန်းမှ နမ်းရတာ ။ ဒါမှလိမ္မာ မှာ အလို လိုက် ရင် ပျက်စီးသွားမှာပေါ့ ကွ"
(၆ တန်းတုန်းက ကျွန်တော် အိပ်ပြီထင်ပြီး ပြောတဲ့ စကားလေးတွေပါ ဒီနေ့ထိ ကြားယောင် နေစဲပါ)
သြော် မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာ တွေဟာ ဘယ်သော အခါ မှ ရိုး အီမသွားဘူး ဆိုတာ တွေကို စဉ်းစားရင်း စဉ်းသားရင်း အတွေးတစ်ခု ရုတ်ချည်းဝင်လာတယ် ။ ငါတို့သားသမီးတွေကရော သူတို့ကို အဲ့ ဒီလိုပြန်ပြီး ပြုစုလို့မရဘူးလား ? ဘာလို့မရနိုင်ရမှာလဲ ရကိုရရမှာပေါ့ တွေးရင်း တွေးရင်း နောက်တနေ့ မှာ ကြုံ ရမယ့် အာရုဏ်ဦး အတွက် တနည်းပြောရရင် ကျွန်တော့် ဘ၀ရဲ့ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ် နှစ်ယောက် ဖြစ်သော ပါးပါး+မေမေ တို့ ထံကို ပြန်ရမယ့် ရက် ကို လက်ချိုးရေတွက် ရင်း
ပါးပါး+မေမေ ရှိရာ မြန်မာပြည် ကို ဦးချကန်တော့ လျှက်.......................
မှတ်ချက်။ ။ ကျွန်တော် ရဲ့ ဟိုးတုန်းက ငယ်ဘ၀ အောက်မေ့မှု လေးတွေပါ (ကရင်)

Friday, April 17, 2009
အိုရင် ပယ်ရမှာလား အိုရင်ကယ်ရမှာလား
ငါအိုသွားသောအခါငါဟာအရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီလုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ကို မရွံပါနဲ့ငယ်ငယ်တုံးက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဘူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင် ပေးပါ။ ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း၊ တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီး ဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမညိုငြင်ပါနဲ့ ငယ်ငယ်တုံးက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယာင်ပေးပါ။
ခောတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုံးက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျှ ပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲ ပေးကြပါ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းခြင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တနေ့ထက်တနေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့်။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူကဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် ဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲက အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။
အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
မှတ်ချက်။ ။ ကျွန်တော်တို့ရောကျွန်တော်တို့မိဘတွေအတွက် ဘာလို့ လုပ်မပေးနိုင်ရမှာလဲ သူတို့ ကျွန်တော် တို့ကို ပေးဆပ်ခဲ့တုန်းက သူတို့အတွက် ဘာ မျှော်လင့်ချက် ဆိုတာကို မမျှော်ကိုးခဲ့ဘူး ။ Action and Reaction ဆိုတာ သိုးဆောင်းအင်္ဂလိပ်စကားမှာတောင်ရှိနေသေးတာပဲ ကျွန်တော်တို့ရော သူတို့တွေအတွက် အင်အားပါတဲ့ အပြုံးလေးတွေကို ဖန်တီးပေးပြီး သူတို့ရဲ့ အပြုံးလေးတွေကို မျှဝေခံစားကြရအောင် "အိုပယ်" ဇာတ်ကားထဲကလို မိဘ တွေအိုရင်ပယ် ကြမှာလား ? မိဘဆိုတာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ သားသမီးတွေဆီကနေဘာ မျှော်လင့်ချက် လိုလားချက်မှမပါဘဲ ဖြူစင်သော၊အေးမြသော မေတ္တာသက်သက် နှင့်ကျွန်တော်တို့ အပေါ်ကို စောင့်ရှောက်ပြုစုပေးခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ကျွန်တော်တို့ "ဆန်ရေ"
ဖန်တီးပေးကြပါစို့။
ကျေးဇူးရှင်မိဘနှစ်ပါးဖြစ်သော ပါးပါး+မေမေ ကို ဦးထိပ်ထားလျှက်
ကရင် (၁၇.၄.၂၀၀၉)

Saturday, February 14, 2009
တစက္ကန့်အတွင်း
မနေ့က...........
အလုပ်ကိစ္စကြောင့်တစ်ခုသောတစ်ခါမှမရောက်ဘူးတဲ့လမ်းကြားထဲကိုရောက်သွားပါတယ်။ လမ်းကြားထဲက ထမင်းဆိုင် သေးသေးလေး တစ်ဆိုင်လူခြောက်ကပ်ကပ် နှင့်ထမင်းဆိုင်ထဲမှာ တွေ့လိုက်ရတာကတော့ ဟိုးအရင်တုံးက ကျွန်တော့ရဲ့ အိပ်မက်ပေါင်းများစွာကို စိုးမိုးခဲ့သူကိုပေါ့။ အားပါး အရင်တုံးကအလှတွေ ဘယ်တွေရောက်ကုန်မှန်းကိုမသိတာဗျာ။ အဲ့ဒီမှာ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ တစ်စုံတစ်ရာသောနွေးထွေးမှု ကိုမှမရရှိတော့ပါဘူး။
သြော်.. ကျောင်းမှာတုံးက ဒီတသက်သူ့ရင်ခွင်မှာပဲမှေးစက်တော့မယ်ဆိုပြီးတော့ တစ်ခါထဲရွေးခဲ့မိသူချစ်သူ လေ သူ့ဘေး က ခလေးလေး လက်ကိုဆွဲပြီးချာခနဲ လှည့်ထွက်သွားလိုက်ပုံများ ဓာတ်ရှင် ထဲမှာဆို အကယ်ဒမီရှော့ပဲ ။ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့ ဘာမှထူးထူးဆန်းဆန်း ကိုမခံစားလိုက်ရပါဘူး။
ညတုံးက......
ဆောင်းအကုန်နွေအကူး ဆိုတော့ ပျင်းပျင်းနဲ့ လမ်းလျောက်ထွက်တော့ မြေနီကုန်း မှတ်တိုင်မှာ တွေ့လိုက်ရတဲ့သူကတော့ ....၁၀တန်းတည်းက ECO ဘွဲ့ရတဲ့ထိ လုံးဝ ကို ကြည့်မရတဲ့ ရန်ဘက် ကိုသွားတွေ့တာပေါ့ ။ အဲ့ဒီမှာ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ တစ်ယောက်နဲ့တစ်ယောက်ဒေါသ အရိပ်ရောင်တွေလက်ကနဲ ဖြတ်သွားတယ်လေ။
ပုံစံကိုကြည့်လိုက်တော့ ခပ် နွမ်းနွမ်းဖြစ်နေတဲ့ သူ့ပုံစံကိုသတိထားမိပြီးတော့ အနိုင်ပိုင်းပြီးပြောဆိုလိုစိတ်မရှိ တော့ပါဘူး ဟိုးအရင်ကဒေါသတွေလည်းအခုချိန်မှာမရှိတော့ပါဘူး ။ မေးကြည့်လိုက်တော့
"သူငယ်ချင်း ငါဘာမှအဆင်မပြေဘူးကွာအခုကမ်းနားလမ်းမှာစာရေးအကူလုပ်နေတယ်"တဲ့  ကျွန်တော်လည်းကိုယ့်ရန်ဘက်ဆိုပေမယ့် အခုချိန်မှာမြေနိမ့်ရာလှံစိုက်မယ်ဆိုတဲ့ အတွေးမျိုးမရှိတော့တာ ကြောင့် "အေးကွာ မင်းအကူညီလိုရင်ပြော" ဆိုပြီး ဖုန်းနံပါတ်ပေးပြီး ပြန်ထွက်လာခဲ့တယ် နှုတ်ဆက်ရင်းကျန်ခဲ့ တဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်တွေးမိတာကတော့ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့ လောကကြီးမှာဒေါသကြီးလို့ကတော့ ခွင့်လွှတ်သည်းခံခြင်းသည်သာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ခံစားချက်ကိုခံစားလိုက်ရပါတယ်။
မနက်က.........
တစ်ခုသောအလုပ်ကိစ္စလေးတစ်ခုနဲ့ ကျွန်တော် တက်ခဲ့တဲ့ စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်း ကိုပြန်ရောက်တော့ ကင်တင်းတွေတိုးလာတာကတော့ အများကြီးပဲဗျာ ။ဒီလိုနဲ့လျောက်လာရင်းနဲ့ ဆရာမ ကိုတွေ့လိုက်ရတယ် ပေပါ ၀မ်းသင်ခဲ့တဲ့ဆရာမပေါ့ ကျွန်တော်တိုကသူငယ်ချင်းတွေကို ဆေးလိပ်ပြတ်အောင် စိတ်မလေအောင် စာကြိုးစားအောင် ဆုံးမခဲ့တဲ့ လမ်းမှန်ရောက်အောင် ပြုပြင်ပေးခဲ့တဲ့ ဆရာမ ဒေါ်ချိုချို ၀င်း ပေါ့ သူဟာကျွန်တော့ ရဲ့ ဒုတိယမိခင်လို့ဆိုရလောက်အောင်ကို ကျွန်တော့ အပေါ်ကို ၀ါသနာ စေတနာ အနစ်နာ ဆိုတဲ့ နာ ၃ နာ နဲ့ ပြည့်စုံ ခဲ့သူလေ ။ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ အေးမြချမ်းသာ ကြည်နူးစေတဲ့ အရိပ်အောက်ကို ရောက်သွားသလားဆိုတဲ့ ခံစားမှု ကို ခံစားလိုက်တယ် ။ချက်ချင်း ဆရာမ ကို နျှုတ်ဆက်ပြီး လမ်းမှာတင် ဆရာမကို ကန်တော့ပါတယ် ကျွန်တော့ ရင်ထဲမှကျောင်းသားဘ၀ကိုပြန်ရောက်သွားသလိုပါပဲ ဆရာမ ရဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးများနဲ့ ကြည့် ပြီး ဆုတွေပေးနေပုံ များဗျာ ကျွန်တော့ ရင်ထဲ မှအတိုင်းမသိ ကို ခံစားခဲ့ရပါတယ်။
့ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့လောကမှာ လိုတာမှန်သမျှရနိုင်သည် ဖြစ်စေ မရနိုင်သည်ဖြစ်စေ ကျေးဇူးတရားသည်သာ တန်ဖိုးအရှိဆုံးသော အရာ ဖြစ်တယ် လို့ခံစားလိုက်ရပါတယ်။
မှတ်ချက်။ ။ ကိုအရိုးရဲ့ သီချင်းလေးကို နားထောင်ရင်းတိုက်ဆိုင်မှုလေးများကို ရေးသားထားပါတယ်။ (ကရင်)