Sunday, May 31, 2009
Tuesday, May 5, 2009
Sunday, May 3, 2009
နာဂစ်တစ်နှစ်ပြည့်ဆုတောင်း
သြော်....ဒီအဖြစ်အပျက်ကြီး ကတစ်နှစ်ရှိခဲ့ပြီတဲ့လား။
သေဆုံးသွားတဲ့ သူတွေ.....အိုးအိမ်ပျောက်ဆုံး ပျက်ဆီးသွားတဲ့သူတွေ
ဆွေမျိုး ချစ်သူတွေ၊ မိဘ မဲ့ဖြစ်သွားတဲ့ ကလေးတွေ ၊သားသမီးမဲ့ ဖြစ်သွားတဲ့ မိဘတွေ
အရာအားလုံးပျောက်ဆုံးကုန်သူတွေ ၊ မနက်ဖြန်ဆိုတာတွေကို ဆွေမဲ့ မျိုးမဲ့ ဖြတ်သန်း ကြတော့မယ့်သူတွေ
အရာအားလုံး..............အရာအားလုံး..............အရာအားလုံး
ပျက်ဆီးစေခဲ့တဲ့ နာဂစ် ဆိုတဲ့ စေတန် ဆီကလက်ဆောင် စေတန် ရဲ့ အမုန်း တွေ ကို နောက်တစ်ကြိမ်
ဘယ်တော့မှ၊ မြန်မာနိုင်ငံအပြင် တခြားတခြားသော နိုင်ငံတွေရော မခံစားကြရပါစေနဲ့
နာဂစ်မုန်တိုင်းအောက် မှာ သေဆုံးသွားကြသော လူငယ်၊လူကြီး၊ အဘိုး အဘွား အားလုံး
ကောင်းရာမွန်ရာရောက်
ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(ကရင်)
Saturday, May 2, 2009
ယခုဖြစ်ပေါ်နေသော တုပ်ကွေးရောဂါအတွက် ကာကွယ်ရေးနည်းလမ်းများ

ဖော်ပြပါ mask များအသုံးပြု ပြီး ဝက်တုပ်ကွေးပိုးကို အသက်ရှုလမ်းကြောင်းထဲ မဝင်အောင် ဟန့် တားနိုင်ပါတယ်။
အဓိက ကြိုတင်ကာကွယ်ရေးများ...
၁ ။ လူစုလူဝေး ရှိတဲ့ နေရာ . လေဝင်လေထွက် မကောင်းတဲ့ နေရာ ..ဥပမာ .ဆေးရုံ . ရုပ်ရှင်ရုံ ..
ပိတ်လှောင်မွန်းကြပ်သောနေရာများ ၊ သို့  မလိုအပ်ဘဲ သွားရောက်ခြင်းတို့မှ အတတ်နိုင်ဆုံး ရှောင်ရပါမယ် ။ တကယ်လို့  မသွားမဖြစ် ရှောင်လွှဲမရ ခဲ့ ရင်လည်း နှာခေါင်း။ပါးစပ်တို့ ကို ပိုးမွှားအလွယ်တကူ ဝင်ရောက်နိုင်ခြင်းမရှိအောင် mask များတပ်ဆင်ကြပါ ။ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ ပြင်ပအရာဝတ္ထုတွေမှာ ၂နာရီမှ ၄ နာရီ အထိသာ အသက်ရှင်သန်နေနိုင်တာပါ။ ပြီးတော့ ပူအိုက်ခြောက်သွေ့ တဲ့ နေရာမျိုးမှာ ကြာရှည် မရှင်သန်နိုင်ပါဘူး။
ဒါကြောင့်  မြန်မာပြည်မှ လူအများ အတွက် ဘုရားက စောင့်ရှောက်ထားပြီးဖြစ်ပါတယ်။ စိတ်မပူကြပါရန်။
ပြီးတော့ ပိုးဟာ ရောဂါရှိသူ နှာစေး နှာချေ ချောင်းဆိုးလိုက်လို့  သူ့ တံတွေးအမှုံအစက် များပြန့် ပွားတဲ့  ၆ ပေ ပတ်ဝန်းကျင်မှာ ဒီပိုးတွေ ပြန့် နှံ့ တတ်ပါတယ် ။ဒီတော့ နှာစေး ချောင်းဆိုးသူနဲ့ ဝေးလေကောင်းလေပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ရိုးရိုး mask ထက်ပိုပြီးလုံခြုံတဲ့  N95 mask များတပ်ဆင်သင့်ပါတယ်။
၂။အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ။ တကယ့် ရောဂါပြန့် နံ့ နေတဲ့ နေရာမျိုးဆိုရင် ပိုစိတိချရအောင် အရက်ပျံနဲ့ ပွတ်တိုက်ဆေးကြောသင့်ပါတယ် ။အရက်ပျံထဲမှာ ဒီပိုးတွေ မရှင်သန်နေနိုင်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ ထိတွေ့  အသုံးပြုနေကြ အရာများ ဥပမာ ..တယ်လီဖုန်း စကားပြောခွက် ။ ကွန်ပြူတာ ကီးဘုတ်။ ကျောင်းပတ်ဝန်းကျင်မှာဆိုရင် စားပွဲ ကုလားထိုင်မှ အစပေါ့ ။သန့် ရှင်းရေးလုပ်ပေးရပါမယ်။
၃။ မိမိကိုယ်ခံအင်အားကောင်းမွန်နေရင် ဒီပိုးတွေ လာမနှောက်ယှက်နိုင်ပါဘူး ။ အိပ်ရေးဝအောင်အိပ် ။ သန့် ရှင်းလတ်ဆပ်တဲ့အစာ အဟာရ ကို မှီဝဲရင် ဘာမှကြောက်စရာမလိုပါ။
၎။ဝက်သားကြိုက်သူများလဲ စားနေကြအတိုင်း ဆက်လက်စားသုံးနိုင်ပါတယ် ။ကျက်အောင်ချက်ဖို့ သာ လိုပါတယ်။ဒီအသားထဲကနေ ပိုးတွေကူးစက်ကြတာမဟုတ်ပါဘူး။ သားစိမ်းငါးစိမ်းစားရင် တခြားဝမ်းပျက်တာတွေဖြစ်ပြီး တခြားမဆိုင်တဲ့ ရောဂါတွေ ဝင်လာမှာ စိုးရတာပါ။
မှတ်ချက် ။ ။ http://kiki-idiotlove.blogspot.com/ မှတဆင့် ထပ်မံဖော်ပြပါသည်။ (ကရင်)