Monday, April 27, 2009
at
8:09 PM
|
0
comments

ဒီနေ့
ရုံးသွားရင်းစဉ်းစားမိတယ် ။ သြော် .... ငါဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံ ၀တ်လို့ကောင်းတယ် သက်တောင့်သက် သာရှိတယ်၊ နေလို့ထိုင်လို့ကောင်းတယ် ။စမတ်ကျစေတယ်။ ဒါပေမယ့် ငါငယ်ငယ် က မေမေ ကိုယ်တိုင် ၀တ်ပေးခဲ့ တဲ့ ကျောင်းစိမ်းအကျီ လောက် မေတ္တာတန်ဖိုးမှီမယ်မထင်ဘူး ။
ရုံးမှာ အလုပ်အတွက်လိုတဲ့ ပိုက်ဆံ ထုတ်ပေးရတယ် ပိုက်ဆံအရေအတွက် အများကြီး ကိုင် နေရတယ် ၊ရလာမယ့်အမြတ်တွေ ကလည်း အများကြီး ။ ဒါပေမယ့် ငါငယ်ငယ် (၁၀) တန်းတုန်းက ပါးပါးပေးတဲ့ မုန့်ဖိုး ၅၀ လောက် ကို တပ်မက်မှု မှရှိတာအမှန်ပဲ ။
နေ့လည်ထမင်းစားတော့ ရုံးက လူကြီးတွေအတွက် ဆိုပြီး ပုဇွန်ကော်ပြန့်တွေ လာပေးတာတွေ အများကြီး ကိုယ့် စားပွဲပေါ်မှာ စားကြည့်တယ် တော် တော်ကောင်းတယ် ။ဒါပေမယ့် ငယ်ငယ်က၊ ပါးပါးရုံးက ညဘက် ဂျူတီ ပြီးတိုင်း ၀ယ်လာတဲ့ ဆမူစာ လေးတွေ ကို စားရတာ ကို သတိရမိတယ်။ အိမ်ရောက် ရင်ပျော့ နေပြီဖြစ်တဲ့ ဆမူစာလေး တွေပေါ့ ။
ညနေရုံးကပြန်ရောက်တော့ အ၀တ် အစားလဲ ကွန်ပြူတာရှေ့ ထိုင်မိတော့ အ၀တ်လျှော် ဖို့ မေ့နေပါလား ဆိုပြီး အ၀တ်တွေသွား လျှော်တော့ ကျောင်းတက်ဖို့အိကျီ ကို အကြီးမ လျှော်တာ မဖြူလို့ ဆိုပြီး မေမေ ကိုယ်တိုင် သူ့ရဲ့ လက်လေးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ လျှော်ပေးခဲ့ တဲ့ မြင်ကွင်းကို မြင်ရောင်မိတယ်။ သြော် တော်တော် မိုက်ခဲ့တဲ့ ကောင်ပဲ လို့ ကိုယ့် ကိုယ်ကို ရေရွတ်မိတယ်။
ညစာ ထမင်စားတော့ ရယ်ဒီမိတ်တွေ ကို မိုက်ခရိုဝေ့ဖ် ထဲထည့် အကုန် နွှေးပြီး ထမင်းစားတော့ မေမေ ကိုယ်တိုင်နယ်မပေးရင် မစားတတ်သော အမေချက်တဲ့ ဟင်းကလွဲ ရင် ဘယ်တုန်းကမှ အကောင်းမထင်တတ် တဲ့ ငယ်ဘ၀ကို ပြန် အောက်မေ့မိတယ် ။
ညအိပ်ရာဝင်တော့ ပါးပါး +မေမေ နှစ်ယောက် ကျွန်တော့် အတွက် ပြောတဲ့ စကားလေးတွေပြန်သတိရမိတယ် .........
"အပါးရယ် သားကို သိပ် မဆူပါနဲ့ ဒီသားလေးနဲ့ ဒီသမီးလေးပဲရှိတာ သားလေးကို အလိုလိုက် ပါနော်။"
"ဟ .. အမေကြီးကလဲ သားသမီး ဆိုတာ အိပ်နေတုန်းမှ နမ်းရတာ ။ ဒါမှလိမ္မာ မှာ အလို လိုက် ရင် ပျက်စီးသွားမှာပေါ့ ကွ"
(၆ တန်းတုန်းက ကျွန်တော် အိပ်ပြီထင်ပြီး ပြောတဲ့ စကားလေးတွေပါ ဒီနေ့ထိ ကြားယောင် နေစဲပါ)
သြော် မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာ တွေဟာ ဘယ်သော အခါ မှ ရိုး အီမသွားဘူး ဆိုတာ တွေကို စဉ်းစားရင်း စဉ်းသားရင်း အတွေးတစ်ခု ရုတ်ချည်းဝင်လာတယ် ။ ငါတို့သားသမီးတွေကရော သူတို့ကို အဲ့ ဒီလိုပြန်ပြီး ပြုစုလို့မရဘူးလား ? ဘာလို့မရနိုင်ရမှာလဲ ရကိုရရမှာပေါ့ တွေးရင်း တွေးရင်း နောက်တနေ့ မှာ ကြုံ ရမယ့် အာရုဏ်ဦး အတွက် တနည်းပြောရရင် ကျွန်တော့် ဘ၀ရဲ့ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ် နှစ်ယောက် ဖြစ်သော ပါးပါး+မေမေ တို့ ထံကို ပြန်ရမယ့် ရက် ကို လက်ချိုးရေတွက် ရင်း
ပါးပါး+မေမေ ရှိရာ မြန်မာပြည် ကို ဦးချကန်တော့ လျှက်.......................
မှတ်ချက်။ ။ ကျွန်တော် ရဲ့ ဟိုးတုန်းက ငယ်ဘ၀ အောက်မေ့မှု လေးတွေပါ (ကရင်)

Posted by
ကရင်