Saturday, February 14, 2009
at
10:37 PM
|
1 comments

မနေ့က...........
အလုပ်ကိစ္စကြောင့်တစ်ခုသောတစ်ခါမှမရောက်ဘူးတဲ့လမ်းကြားထဲကိုရောက်သွားပါတယ်။ လမ်းကြားထဲက ထမင်းဆိုင် သေးသေးလေး တစ်ဆိုင်လူခြောက်ကပ်ကပ် နှင့်ထမင်းဆိုင်ထဲမှာ တွေ့လိုက်ရတာကတော့ ဟိုးအရင်တုံးက ကျွန်တော့ရဲ့ အိပ်မက်ပေါင်းများစွာကို စိုးမိုးခဲ့သူကိုပေါ့။ အားပါး အရင်တုံးကအလှတွေ ဘယ်တွေရောက်ကုန်မှန်းကိုမသိတာဗျာ။ အဲ့ဒီမှာ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ တစ်စုံတစ်ရာသောနွေးထွေးမှု ကိုမှမရရှိတော့ပါဘူး။
သြော်.. ကျောင်းမှာတုံးက ဒီတသက်သူ့ရင်ခွင်မှာပဲမှေးစက်တော့မယ်ဆိုပြီးတော့ တစ်ခါထဲရွေးခဲ့မိသူချစ်သူ လေ သူ့ဘေး က ခလေးလေး လက်ကိုဆွဲပြီးချာခနဲ လှည့်ထွက်သွားလိုက်ပုံများ ဓာတ်ရှင် ထဲမှာဆို အကယ်ဒမီရှော့ပဲ ။ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့ ဘာမှထူးထူးဆန်းဆန်း ကိုမခံစားလိုက်ရပါဘူး။
ညတုံးက......
ဆောင်းအကုန်နွေအကူး ဆိုတော့ ပျင်းပျင်းနဲ့ လမ်းလျောက်ထွက်တော့ မြေနီကုန်း မှတ်တိုင်မှာ တွေ့လိုက်ရတဲ့သူကတော့ ....၁၀တန်းတည်းက ECO ဘွဲ့ရတဲ့ထိ လုံးဝ ကို ကြည့်မရတဲ့ ရန်ဘက် ကိုသွားတွေ့တာပေါ့ ။ အဲ့ဒီမှာ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ တစ်ယောက်နဲ့တစ်ယောက်ဒေါသ အရိပ်ရောင်တွေလက်ကနဲ ဖြတ်သွားတယ်လေ။
ပုံစံကိုကြည့်လိုက်တော့ ခပ် နွမ်းနွမ်းဖြစ်နေတဲ့ သူ့ပုံစံကိုသတိထားမိပြီးတော့ အနိုင်ပိုင်းပြီးပြောဆိုလိုစိတ်မရှိ တော့ပါဘူး ဟိုးအရင်ကဒေါသတွေလည်းအခုချိန်မှာမရှိတော့ပါဘူး ။ မေးကြည့်လိုက်တော့
"သူငယ်ချင်း ငါဘာမှအဆင်မပြေဘူးကွာအခုကမ်းနားလမ်းမှာစာရေးအကူလုပ်နေတယ်"တဲ့  ကျွန်တော်လည်းကိုယ့်ရန်ဘက်ဆိုပေမယ့် အခုချိန်မှာမြေနိမ့်ရာလှံစိုက်မယ်ဆိုတဲ့ အတွေးမျိုးမရှိတော့တာ ကြောင့် "အေးကွာ မင်းအကူညီလိုရင်ပြော" ဆိုပြီး ဖုန်းနံပါတ်ပေးပြီး ပြန်ထွက်လာခဲ့တယ် နှုတ်ဆက်ရင်းကျန်ခဲ့ တဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်တွေးမိတာကတော့ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့ လောကကြီးမှာဒေါသကြီးလို့ကတော့ ခွင့်လွှတ်သည်းခံခြင်းသည်သာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ခံစားချက်ကိုခံစားလိုက်ရပါတယ်။
မနက်က.........
တစ်ခုသောအလုပ်ကိစ္စလေးတစ်ခုနဲ့ ကျွန်တော် တက်ခဲ့တဲ့ စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်း ကိုပြန်ရောက်တော့ ကင်တင်းတွေတိုးလာတာကတော့ အများကြီးပဲဗျာ ။ဒီလိုနဲ့လျောက်လာရင်းနဲ့ ဆရာမ ကိုတွေ့လိုက်ရတယ် ပေပါ ၀မ်းသင်ခဲ့တဲ့ဆရာမပေါ့ ကျွန်တော်တိုကသူငယ်ချင်းတွေကို ဆေးလိပ်ပြတ်အောင် စိတ်မလေအောင် စာကြိုးစားအောင် ဆုံးမခဲ့တဲ့ လမ်းမှန်ရောက်အောင် ပြုပြင်ပေးခဲ့တဲ့ ဆရာမ ဒေါ်ချိုချို ၀င်း ပေါ့ သူဟာကျွန်တော့ ရဲ့ ဒုတိယမိခင်လို့ဆိုရလောက်အောင်ကို ကျွန်တော့ အပေါ်ကို ၀ါသနာ စေတနာ အနစ်နာ ဆိုတဲ့ နာ ၃ နာ နဲ့ ပြည့်စုံ ခဲ့သူလေ ။ ကျွန်တော်ပြောချင်တဲ့ တစက္ကန့်အတွင်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဆုံတဲ့ အခါ မှာ အေးမြချမ်းသာ ကြည်နူးစေတဲ့ အရိပ်အောက်ကို ရောက်သွားသလားဆိုတဲ့ ခံစားမှု ကို ခံစားလိုက်တယ် ။ချက်ချင်း ဆရာမ ကို နျှုတ်ဆက်ပြီး လမ်းမှာတင် ဆရာမကို ကန်တော့ပါတယ် ကျွန်တော့ ရင်ထဲမှကျောင်းသားဘ၀ကိုပြန်ရောက်သွားသလိုပါပဲ ဆရာမ ရဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးများနဲ့ ကြည့် ပြီး ဆုတွေပေးနေပုံ များဗျာ ကျွန်တော့ ရင်ထဲ မှအတိုင်းမသိ ကို ခံစားခဲ့ရပါတယ်။
့ ဒီတစက္ကန့်နဲ့ပတ်သက်ပြီးတော့လောကမှာ လိုတာမှန်သမျှရနိုင်သည် ဖြစ်စေ မရနိုင်သည်ဖြစ်စေ ကျေးဇူးတရားသည်သာ တန်ဖိုးအရှိဆုံးသော အရာ ဖြစ်တယ် လို့ခံစားလိုက်ရပါတယ်။
မှတ်ချက်။ ။ ကိုအရိုးရဲ့ သီချင်းလေးကို နားထောင်ရင်းတိုက်ဆိုင်မှုလေးများကို ရေးသားထားပါတယ်။ (ကရင်)

Posted by
ကရင်